တဲရော့ ဆိုတာဘာလဲ?
🎩 တဲရော့ ဆိုတာ ရှေ့ဟောင်း သင်္ကေတ ဖတ်ပြီး နိမိတ်ပုံဖော် တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိင်ငံ မှာ ခေတ်စားလာတာ ဆယ်စုနှစ် ၃ ခုလောက်ရှိပြီ ဖြစ်ပေမယ့် လူငယ်များအတွင်းထိုးဖောက်လာတာကတော့ လေးငါးနှစ်လောက်ပဲရှိပါသေးတယ်။
💼 ခေတ်စားလာတာနဲ့ အမျှ လေ့လာသင်ယူသူတွေများပြားလာပြီး စေတနာနဲ့ အခမဲ့ သင်ကြားပေးတဲ့ တဲရော့ အဖွဲများ အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။
👑 တဲရော့ ပညာ ကို ပညာရပ်တစ်ခုအနေနဲ့ သင်ယူလေ့လာသူတွေရှိကြသလို၊ အပျော်တမ်း သမားတွေလည်း ထုနဲ့ ထေးတွေ့ရမှာဖြစ်ပါတယ်။ တဲရော့ ဟောပြောသူတွေ ထဲမှာငွေကြေး အကျိုးအမြတ် မမျှော်ကိုး တဲ့ ဆရာ အစစ်အမှန်များရှိသလို ၊ ဆရာတုအဆရာယောင် တတ်ယောင်ကားများလည်း ရှိကြပြီး မေးတဲ့သူတွေထဲမှာလည်း ပညာစမ်းချင်သူတွေ၊ အပျော်တမ်းမေးသူတွေ၊ အခမဲ့ရလို မထေမဲ့မြင်ပြုသူတွေလည်း မကြာခန တွေ့ရတတ်ပါတယ်။
👑တဲရော့ ရဲ့ထူး ခြားချက်ကတော့ ယုံကြည်သူများအတွက် အမှန်တကယ် မှန်ကန်တဲ့ ဟောကိန်းများ နဲ့ ကြုံတွေ့ရတတ်ပြီး ပညာကို အလေးမထားတဲ့ ဟောပြောသူ များဟာ လည်း မသိမသာ ပျောက်ကွယ်သွားတတ်တာပါပဲ။
💼တဲရော့ လောကမှာ အများဆုံး အသုံးပြုကြတာကတော့ Rider Waite တဲရော့ ကတ်ကို သုံးကြပါတယ်။ မေဂျာ ကတ်(Major Arcana) ၂၂ ကတ် နဲ့ မိုင်နာ ကတ်(Minor Arcana) ၅၆ ကတ် ၊ စုစုပေါင်း ၇၈ ကတ် အသုံးပြုပါတယ်။ ကတ်ခင်း တာကို တော့ အခြေခံအဆင့်မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ဆိုပြီး ကတ် ၃ ကတ်ခင်းတာ၊ မေးခွန်းတိုတစ်ခုကိုပဲ Yes, No, May be ဆိုပြီး တစ်ကတ်ခြင်းဆွဲဖြေပေးတာမျိုး လုပ်ပေးလေ့ရှိပါတယ်၊ အချိန်ယူပြီး ဟောပေးတဲ့ မြင်းခွာပုံဟောကိန်း၊ ခုနစ်စင်ကြယ်ဟောကိန်း၊ ဆဲတစ် အခင်းဟောကိန်း စတဲ့ ဟောပြောနည်းများစွာလည်းရှိပါသေးတယ်။
🎩ယခု တင်ပြခဲ့တာတွေကတော့ တဲရော့ အကြောင်း လုံးဝမသိသေးသူတွေအတွက် မိတ်ဆက်ပေးခြင်း ဖြစ်ပြီးတော့၊ စိတ်ပါဝင်စားသူ မိတ်ဆွေများ မိမိမွေးနေ့၊ နာမည်ပြောပြပြီး သိလိုတဲ့ မေးခွန်းကို မေးမြန်းနိုင်ပါပြီ၊ မေးရမယ့် နမူနာ ပုံစံကတော့၊ ( ပုံစံ-၁။ကျွန်တော် ကြာသပတေးသား မောင်ဘညွန့် နိုင်ငံခြားသွားဖို စီစဉ်နေပါတယ်၊ သွားရနိုင်မလားဆိုတာသိခြင်ပါတယ် ပုံစံ-၂။ ကျွန်တော် မောင်ထင်ပေါ်၊ စနေသား သည် နောက်လတွင် အလုပ်ခေါ်စာ ရရန်စောင့်ဆိုင်းနေပါသည်။ ထိုကိစ္စ အဆင်ပြေမပြေသိလိုပါတယ်။)။ (တစ်ဉီးချင်း သီးခြားဟောပြောမှုများ အတွက် မွေးနေ့ မွေးရက် နေ့သား နဲ့ အမည်ကို အတိအကျ ပေးမှသာ တွက်ချက်ဟောပြောပေးနိုင်မည်ဖြစ်ပါသည်။)
Comments
Post a Comment